Java Programming 8: Methods

person Myat Min Soefolder_openJava Programmingaccess_time July 8, 2016

Methods

Method ဆိုတာကတော့ code တွေကို စုပေးထားတာဖြစ်ပြီး ပုံစံတူ Code ကိုခဏခဏပြန်မရေးရအောင်လုပ်ဆောင်ပေးပါတယ်။
အရင်သင်ခန်းစာတွေမှာသုံးခဲ့တဲ့ System.out.print() မှာ print က method ပါ။ public static void main() မှာလဲ main က method ပါ။

method တွေကိုအောက်ပါအတိုင်းကြေငြာနိုင်ပါတယ်။

[java]
public static int add (int a, int b) {
//Codes here

return 1;
}
[/java]
အပေါ်က method မှာ public static ကို access modifier လို့ခေါ်ပါတယ်။
int ကတော့ return type ပါ။ ကြိုက်တဲ့ data type ဒါမှမဟုတ် Object return ပြန်နိုင်ပြီး ဘာမှမပြန်ရင် void လို့သုံးရပါတယ်။ main method မှာလဲ void လို့သုံးထားတာတွေ့ရပါလိမ့်မယ်။

add ကတော့ method name ပါ ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်။ Variable naming rule အရ စာလုံးအသေးနဲ့စပြီး camel case (e.g addNumbers, addTwoNumbers) အစရှိသဖြင့် ပေးနိုင်ပါတယ်။

နောက်က () ထဲက int a, int b ကိုတော့ parameter လို့ခေါ်ပါတယ်။ parameter ကို မထည့်လဲရပါတယ်။ parameter ၂၅၅ အထိနိုင်ပါတယ်။ datatype ကိုလဲ ကြိုက်တဲ့ Object တွေထားလို့ရပါတယ်။

void method တွေမှာ return မလိုပေမဲ့ void မဟုတ်ရင် သူ့သက်ဆိုင်ရာ data type အလိုက် return ပြန်ကိုပြန်ရပါတယ်။

Tutorial7 ဆိုပြီး class အသစ်ယူပါ အောက်ကအတိုင်းရေးလိုက်ပါ။
[java]
package tutorial;

public class Tutorial7 {

public static void main(String[] args) {
System.out.println(addTwoNumbers(3,5));
}

public static int addTwoNumbers(int a, int b) {
int c = a + b;
return c;
}
}
[/java]
addTwoNumbers ဆိုတဲ့ method မှာ int parameter a နဲ့ b ကိုယူလိုက်ပါတယ်။
int c ထဲကို a + b ကိုထည့်လိုက်ပါတယ်။
return c; ဆိုပြီး c ကို return ပြန်လိုက်ပါတယ်။ တစ်ခါတည်း return a + b; လို့ရေးရင်လဲရပါတယ်။

main method ထဲမှာ System.out.println(addTwoNumbers(3,5)); ဆိုပြီးခေါ်ထားပါတယ်။ ဒီနေရာမှာ addTwoNumbers(3,5) ဆိုတာကတော့ method ကိုခေါ်လိုက်တာဖြစ်ပြီး a နေရာမှာ 3, b နေရာမှာ 5 ထည့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် return ပြန်ရင် 8 ထွက်လာတာပဲဖြစ်ပါတယ်။

နောက်ထပ် method တစ်ခုပါ။ အောက်ကအတိုင်းရေးလိုက်ပါ။
[java]
public static void printHello(String name) {
System.out.println("Hello " + name);
}
[/java]
main method ထဲမှာ printHello(“”) ဆိုပြီး parameter နေရာမှာ ကိုယ့်နာမည်နဲ့ကို ရေးကြည့်ပါ။ အပြည့်အစုံဆိုအောက်ကအတိုင်းဖြစ်နေပါလိမ့်မယ်။
[java]
package tutorial;

public class Tutorial7 {

public static void main(String[] args) {
System.out.println(addTwoNumbers(3, 5));
printHello("Myat Min Soe");
}

public static int addTwoNumbers(int a, int b) {
int c = a + b;
return c;
}

public static void printHello(String name) {
System.out.println("Hello " + name);
}
}
[/java]
Run ကြည့်လိုက်ရင် Hello Myat Min Soe ဆိုပြီးထွက်လာပါမယ်။ void method ဖြစ်တဲ့အတွက် return မပြန်ပါဘူး။ String parameter ဖြစ်တဲ့ name ကို System.out.println နဲ့ထုတ်လိုက်တာပါ။

Exercise အနေနဲ့ value, data type, parameter ၃၊ ၄ ခုပြောင်းပြီး operation အမျိုးမျိုးကိုစမ်းကြည့်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>