Java Programming 12: ArrayList

person Myat Min Soefolder_openJava Programmingaccess_time September 5, 2016

Array ကိုအသုံးပြုပုံသိပြီးရင် ArrayList ကိုဆက်ကြည့်ရအောင်။ Array ကိုအသုံးပြုရမလွယ်တဲ့အခါမှာ ArrayList ကိုအသုံးပြုပါတယ်။ Array ရဲ့အားနည်းချက်တွေကို ArrayList က ဖြည့်ဆည်းပေးပါတယ်။

Array ရဲ့အားနည်းချက်များ

Array ဟာ fixed length ဖြစ်ပါတယ်။ Array ကိုကြေငြာလိုက်တာနဲ့ သူ့ရဲ့ length ကိုတစ်ခါတည်းသတ်မှတ်ပြီးသားဖြစ်ပါတယ်။ length ကိုတိုးလို့လျှော့လို့မရပါဘူး။ ဒါဟာ ခန့်မှန်းလို့မရတဲ့ data တွေနဲ့ အလုပ်လုပ်ရတဲ့အခါ အခက်အခဲဖြစ်စေပါတယ်။ ဥပမာ int size; ဆိုတဲ့ variable တစ်ခုရှိတယ်ဆိုပါစို့ size က internet ကနေယူမဲ့ data ပါ။ ဘယ်လောက်ရှိမလဲမသိပါဘူး။ တစ်ကြိမ်နဲ့တစ်ကြိမ်လဲမတူနိုင်ပါဘူး။ ဒါကြောင့် array နဲ့အသုံးပြုမယ်ဆိုရ်င looping ၂ ခါပတ်ပြီး ပထမတစ်ခါ size တွက် ဒုတိယတစ်ခါ data ထည့်လုပ်ရတာကြောင့် အလုပ်ရှုပ်ပါတယ်။

ဒါကြောင့်ဒီလိုနေရာမျိုးမှာ ArrayList ကိုအသုံးပြုပါတယ်။ Class အသစ်ယူပြီး Tutorial11 လို့နာမည်ပေးလိုက်ပါ။ ArrayList ကိုစမ်းကြည့်ရအောင် အောက်ကအတိုင်းရေးကြည့်ပါ။
[java]
package tutorial;

import java.util.ArrayList;

public class Tutorial11 {

public static void main(String[] args) {

ArrayList<Integer> integerArrayList = new ArrayList<>();

for(int i = 1; i <= 10; i++) {
integerArrayList.add(i);
}

for(int i = 0; i < integerArrayList.size(); i++) {
System.out.println(integerArrayList.get(i));
}

for (int a: integerArrayList) {
System.out.println(a);
}
}
}
[/java]

ArrayList ဟာ Object ဖြစ်တဲ့အတွက် ArrayList ကိုဆောက်ရင် Object ဆောက်သလို new keyword သုံးပြီးဆောက်ရပါတယ်။

ArrayList integerArrayList = new ArrayList<>(); ဆိုတာကတော့ ArrayList တစ်ခုဆောက်လိုက်တာပါ။ Integer နေရာမှာ data type ကိုရေးရပါတယ်။ တစ်ခုရှိတာက ArrayList မှာ data type က primitive data type ဖြစ်လို့မရပါဘူး။ ဒါကြောင့် int ဆိုပြီးရေးလို့မရတာဖြစ်ပါတယ်။ သူ့အစား သက်ဆိုင်ရာ Object တွေ အသုံးပြုလို့ရပါတယ်။

အောက်က for loop ကတော့ looping ပတ်ပြီး 1 ကနေ 10 အတွင်းထည့်လိုက်တာပါ။ ဒီနေရာမှာတစ်ခုကတော့ ArrayList ဟာ ojbect ဖြစ်တဲ့အတွက် သက်ဆိုင်ရာ method တွေကို အသုံးပြုပြီးလုပ်ရပါတယ်။ ဒီနေရာမှာတော့ add() ဆိုတဲ့ method သုံးပြီး value ထည့်လိုက်ပါတယ်။

အောက်က for loop ကတော့ looping ပတ်ပြီး data တွေပြန်ထုတ်တာပါ။ ဒီနေရာမှာလဲ ArrayList ရဲ့ size ကိုသိချင်တဲ့အခါ size() ဆိုတဲ့ method သုံးပြီး size ကိုယူရပါတယ်။ Array လို .length ဆိုပြီးမဟုတ်ပါဘူး။ နောက်ဆုံး value ပြန်ထုတ်ရာတွင်လဲ .get() ဆိုပြီးထုတ်ရပါတယ်။ get parameter ထဲမှာတော့ ထုတ်လိုတဲ့ position ပါ။ ထုံးစံအတိုင်း 0 ကနေစပြီး size() – 1 အထိရှိပါတယ်။

နောက်ဆုံးကတော့ foreach loop သုံးထားတာပါ ဒီနေရာမှာတော့ Integer ဆိုပြီးသုံးစရာမလိုပဲ int ဆိုပြီးအလွယ်တစ်ကူပြန်ထုတ်နိုင်တာကိုတွေ့ပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>