Java Programming 11: Array

person Myat Min Soefolder_openJava Programmingaccess_time August 5, 2016

Array ဆိုတာကတော့ type တူတဲ့ element တွေကို စုပြီး အစဉ်လိုက်သိမ်းထားတဲ့ data structure တစ်ခုပဲဖြစ်ပါတယ်။ Array ကို Java ရဲ့ Primitive Data Type တွေအပြင် Object တွေမှာပါသုံးလို့ရပါတယ်။ Class အသစ်တစ်ခုယူပြီး Tutorial 10 လို့နာမည်ပေးလိုက်ပါ။ အောက်ကအတိုင်းရေးလိုက်ပါ။
[java]
package tutorial;

public class Tutorial10 {

public static void main(String[] args) {
String[] names = {"Maung Maung", "Aung Aung", "Kyaw Kyaw"};

for(int i = 0; i < names.length; i++) {
System.out.println(names[i]);
}
}
}
[/java]
ပထမဆုံး String[] names = {“Maung Maung”, “Aung Aung”, “Kyaw Kyaw”}; ဆိုပြီး String Arary တစ်ခုကြေငြာပါတယ်။ Array ကြေငြာပုံကမခက်ပါဘူး data type ဒါမှမဟုတ် variable name နောက်မှာ [] ထည့်ပေးယုံပါပဲ။
String names[] = {“Maung Maung”, “Aung Aung”, “Kyaw Kyaw”};[/java] ဆိုပြီးလဲ သုံးနိုင်ပါတယ်။ တူတူပါပဲ။

နောက်တစ်ကြောင်းမှာတော့ looping ပတ်ပါတယ်။ looping ပတ်တဲ့နေရာမှာ i < names.length လို့သုံးပါတယ်။ names.length ကတော့ array ရဲ့ length ကို  int တန်ဖိုးနဲ့ပြတာပဲဖြစ်ပါတယ်။ ဒီမှာတော့ ၃ ဖြစ်မှာဖြစ်ပါတယ်။ System.out.println(array.length); ဆိုပြီးစမ်းသပ်ထုတ်ကြည့်နိုင်ပါတယ်။

System.out.println(names[i]); ဆိုပြီး array ထ ဲက value တွေကို output ထုတ်ပြပါတယ်။ array ထဲက value တွေကိုလိုချင်ရင် names[position] ပါ။ ဒီမှာ position က 0 ဖြစ်ပါတယ်။ array ထဲမှာ data တွေကို 0, 1, 2, 3, … ဆိုပြီး 0 ကစပြီး အစဉ်လိုက် သိမ်းပါတယ်။ computer မှာ 0 သည်လဲ တန်ဖိုးရှိတဲ့အတွက် memory အတွက် 0 ကနေ စတင်ရေတွက်တာပဲဖြစ်ပါတယ်။ names[0] ဆိုရင် Maung Maung ထွက်လာမှာဖြစ်မှာတယ်။ i < names.length ဆိုတာ i < 3 ဖြစ်တာကြောင့် names[2] ထုတ်ပြီးတာနဲ့ looping ရပ်သွားမှာဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့်မှာပြီး names[3] ဆိုပြီးထုတ်မိရင် array length ထက်ကြီးနေတာကြောင့် exception တက်မှာပဲဖြစ်ပါတယ်။ exception ဆိုတာ error တစ်မျိုးပါပဲ။ နောက်သင်ခန်းစာမှာ အသေးစိတ်ရှင်းပြပါမယ်။

Array ကို length သိရင် တစ်ခါတည်း ကြေငြာလို့ရတဲ့နည်းရှိပါသေးတယ်။ main method ထဲမှာပဲ အောက်ကအတိုင်း ဆက်ရေးလိုက်ပါ။
[java]
int[] numbers = new int[5];

for(int i = 0; i < numbers.length; i++) {
numbers[i] = i;
}
[/java]

[java]int[] numbers = new int[5][/java] မှာ 5 က length ပါ။ looping ပတ်ပြီး 0, 1, 2, 3, 4 ဆိုပြီး ထည့်လိုက်ပါတယ်။ array ထဲကို value ထည့်ချင်ရင်လည်း numbers[position] = [value] ဆိုပြီး value ထည့်လို့ရပါတယ်။ position ကလဲ length ထက်ကျော်သွားရင် exception တက်မှာပဲဖြစ်ပါတယ်။ data ထည့်ပြီးရင် ပြန်ထုတ်ကြည့်ရ အောင် ပုံမှန်ဆို နောက် for looping ပတ်ပြီးအောက်ကအတိုင်းထုတ်လို့ရပါတယ်။

[java]
for(int i = 0; i < numbers.length; i++) {
System.out.println(numbers[i]);
}
[/java]

ဒါပေမဲ့ array အတွက် code ရေးရတာပိုလွယ်တဲ့ loop control တစ်ခုရှိပါတယ်။ foreach loop လို့ခေါ်ပါတယ်။ syntax ကတော့ ဒီအတိုင်းပါ။ for(datatype variable: array) {}

datatype ကတော့ array ရဲ့ datatype နဲ့တူရပါမယ်။ variable ကတော့ array ကိုအစဉ်လိုက် looping ပတ်ပြီး array ထဲက သက်ဆိုင်ရာတန်ဖိုးပါ။ 0 ကနေစပြီး array ရ ဲ့ length – 1 အထိပဲပတ်ပါတယ်။

[java]
for (int a: numbers) {
System.out.println(a);
}
[/java]

ဒါကတော့ အပေါ်က for loop နဲ့တစ်ပုံစံထဲ အဖြေထွက်မှာဖြစ်ပေမဲ့ for each loop ဖြစ်တဲ့အတွက် code ရေးရတာအများကြီးသက်သာစေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>