Dark Theme &Light Theme

person Myat Min Soefolder_openBlogaccess_time October 2, 2016

Dark Theme နဲ့ Light Theme နဲ့ User ကိုရွေးချယ်ခွင့်ပေးသင့်လား။ တစ်မျိုးပဲရွေးသင့်လား။ Time based နဲ့ အရောင်ပြောင်းသင့်လား။
App တစ်ခုကိုစဉ်းစားရင် App ရဲ့ color တွေအပြင် theme ကိုပါထည့်စဉ်းစားရတဲ့ အချိန်ရောက်လာပါပြီ။ Android ဆို Appcompat မှာ Light နဲ့ Dark အပြင် အချိန်အလိုက်ပြောင်းလို့ရတဲ့ DayNight Theme ပါထည့်ပေးလာပါတယ်။ iOS ကတော့ Dark Theme နဲ့ပတ်သက်လို့ Official Support မပေးသေးပေမဲ့ Apple Watch App မှာ Dark Theme ကိုသုံးထားတာကိုတွေ့နိုင်ပါတယ်။ တစ်ခြား App တွေလဲ Dark Theme ကို support လုပ်လာကြပါတယ်။

Light Theme ကိုပဲ support လုပ်တဲ့ App တွေကတော့ အများကြီးပါ။ Facebook, Medium အစရှိတာတွေအကုန် Light Theme ကိုပဲအခြေခံထားပါတယ်။ အခုသင်တောင် Medium App နဲ့စာဖတ်နေတာဖြစ်နိုင်ပါတယ်။ အခန်းမီးကိုပိတ်လိုက်ပါ။ မှောင်နေတဲ့အချိန်မှာ Facebook သုံးရတာ ဒါမှမဟုတ် Medium ဖတ်ရတာ အရမ်းတောက်ပနေပါလိမ့်မယ်။ Brightness ကိုအဆုံးအထိလျှော့လိုက်ရင်တောင် အဖြူတွေက အရမ်းသိသာနေပါတယ်။ ဒီအချိန်မှာ safari reading mode ကနေ background ကိုအနက်ထားပြီးဖတ်ကြည့်ပါ။ သိသိသာသာ ဖတ်ရတာ အဆင်ပြေတာကိုတွေ့နိုင်ပါလိမ့်မယ်။ ဘာတွေ့ရလဲဆိုရင် ပတ်ဝန်းကျင် အလင်းရောင် မရှိတဲ့အချိန်မှာ Dark Theme ကပိုသင့်တော်ပါတယ်။ ပတ်ဝန်းကျင်လင်းနေရင်တော့ Light Theme ကပြဿနာမရှိတာကိုတွေ့နိုင်ပါတယ်။

Dark Theme ကိုပဲ support လုပ်တဲ့ App တွေလဲရှိပါတယ်။ Spotify, Netflix, Steam အစရှိတဲ့ App တွေက Dark Theme ကိုသုံးထားပါတယ်။ ဘာလို့လဲကြည့်ရအောင် ရုပ်ရှင်ကြည့်တဲ့အခါ ဂိမ်းဆော့တဲ့အခါ ပတ်ဝန်းကျင်မှာ အလင်းရောင်လုံးဝမရှိ (သို့မဟုတ်) မှိန်မှိန်လေးသာရှိတတ်ပါတယ်။ ဒီအခါ screen က အရမ်းလင်းနေရင် မျက်စိအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် အသုံးများတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး theme ကိုမှိန်လိုက်ပါတယ်။ မှောင်နေတဲ့ပတ်ဝန်းကျင်မှာ screen ကိုကြည့်ရတာ အဆင်ပြေသွားပါတယ်။ ဒါပေမဲ့ နေ့လည်ဖက်မှာ Spotify ကိုသုံးကြည့်ပါ မှိန်နေတဲ့အတွက် brightness ကိုသာမန်ထက်ပိုတင်ရပါတယ်။ Android Studio ကို dracula theme နဲ့သုံးထားရင်လဲ နေ့လည်ဖက်အလုပ်လုပ်ရင် brightness ကိုသာမန်ထက်ပိုတင်ရပါတယ်။ Chrome ပြောင်းပြီး Facebook ကြည့်တဲ့အချိန်ဆို brightness ကိုသိသိသာသာ ပြန်လျှော့ရပါတယ်။

အချိန်ပေါ်မူတည်ပြီး Theme ပြောင်းတာ ဒါမှမဟုတ် user ကိုရွေးခိုင်းထားတာလဲရှိပါတယ်။ 9gag app, ibook နဲ့ PolarStarX gps ဆိုိ အချိန်ပေါ်မူတည်ပြီးလဲပြောင်းလို့ရပါတယ်။ ဒါမှမဟုတ် တူတူထားလို့ရပါတယ်။ 9gag ကိုတော့ ညပိုင်းမှအကြည့်များတဲ့အတွက် night theme ပဲပြောင်းထားပါတယ်။ PolarStar ကိုတော့အချိန်ပေါ်မူတည်ပြီးပြောင်းထားပါတယ်။ ဘာထူးခြားလဲဆိုတော့ ညဖက်မှာ GPS ကလင်းနေတယ်ဆိုရင် GPS ကိုကြည့်တဲ့အချိန် မျက်လုံးသူငယ်အိမ် (pupil) ကကျဉ်းသွားပြီး ပတ်ဝန်းကျင်ကိုကြည့်ရင် မမြင်ရတော့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညဖက်ဆို night theme ကပိုအဆင်တာပါ။ အလားတူပဲ စာဖတ်တဲ့ app တွေမှာလဲ Theme ရွေးလို့ရအောင်ထည့်ပေးထားတတ်ပါတယ်။ iBook နဲ့ ဝန်ဇင်းမှာဆို ဒါမျိုး function တွေတွေ့နိုင်ပါတယ်။ ဒါပေမဲ့ အချိန်ပေါ်မူတည်ပြီးပြောင်းတဲ့ app တွေမှှာ Color Consistancy မရှိတော့တဲ့အတွက် User Experience ကိုထိခိုက်ပါတယ်။ App ကအရောင်ပြောင်းသွားတာနဲ့ လုံးဝပြောင်းသွားသလို ခံစားသွားရနိုင်ပါတယ်။ ဒါကိုလဲသတိထားသင့်ပါတယ်။

တစ်ခြားအနေနဲ့ဆို Screen ကို warm ပေးတဲ့ Flux လိုမျိုးသုံးလာကြပါတယ်။ iOS မှာဆို Night Shift ဆိုပြီးပါလာပါတယ်။ ဒါမျိုး ညဖက်ကျရင် screen ကို အရောင်လျှော့လိုက်တာကြောင့် ကြည့်ရတာပိုအဆင်ပြေလာပါတယ်။ အခုတောင် Medium မှာ စာရိုက်နေရင်း မီးပျက်သွားလို့ screen ကတော်တော်လေးလင်းနေပါတယ်။ flux ဝယ်ချင်ပေမဲ့ နောက် macOS update တွေမှာ night shift ပါလာမှာ သေချာသလောက်ဖြစ်နေတာကြောင့် မဝယ်ဖြစ်တော့ပါဘူး။ အဓိကပြောချင်တာကတော့ user ဖက်ကကြည့်မယ်ဆို ညဘက်ဆို screen ကို dark theme ဒါမှမဟုတ် warm ပေးတာတွေသုံးသင့်ပါတယ်။ developer ဖက်ကတော့ Night Shift နဲ့ပတ်သက်ပြီး ဘာမှလုပ်လို့မရပါဘူး။ App ကို Night Shift, Flux နဲ့သင့်တော်မဲ့ အရောင်တွေရွေးသုံးသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>