အသက်ရှည်ရှည်သာနေရမယ်ဆိုရင်ဒေါ့ဖျင့်

အသက်ရှည်ရှည်နေရမယ်ဆိုတာ ဘယ်နနှစ်အထိလဲ။ လူတစ်ယောက်ပျမ်းမျှသက်တန်းကဘယ်လောက်လဲဆိုတာ ရှာကြည့်တယ်။ ကမ္ဘာမှာတော့ ပျမ်းမျှ ၇၀ ကျော်ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ၆၅ နှစ်ဝန်းကျင်ပဲ။ ကင်ဆာအဖြစ်များဆုံးနိုင်ငံတစ်ခုအတွက် ၆၅ နှစ်ဆိုတာ များတောင်များနေသေးတယ်။ အသက်ရှည်ရှည်ဆိုတာ programmatically ပြောမယ်ဆိုရင်တော့ > 65 ပေါ့။ ဒီတိုင်းသွားရင် ၆၅ နှစ်အထိနေရပါ့မလား စဉ်းစားမိတယ်။ အိပ်ချိန်မမှန်စားချိန်မမှန် ကွန်ပျူတာရှေ့အနေများနေတာ lifestyle မပြောင်းရင်တော့ ၆၅ အထိတောင်မခံလောက်ဘူး။ လူချစ်လူခင်ကလဲများတယ်ဆိုတော့ လူငယ်သဘာဝ ကြည့်မရလို့ဆိုပြီး လုပ်ကြံခံရနိုင်သေးတယ်။ ပတ်ဝန်းကျင်က အသက် ၆၀ ကျော် အဘိုးကြီးတွေကို ကြည့်ပြီး ငါသာလူတို့အရွယ်လောက်ရောက်ရင် ဘာဖြစ်နေမှာလဲတွေးမိတယ်။ စိတ်ကူးပေါက်လို့ မနက်စောစော လမ်းလျှောက်ဖြစ်ရင် လမ်းလျှောက်နေတဲ့ ကျန်းကျန်းမာမာ အဘိုးကြီးတွေ အုပ်လိုက်တွေ့တယ်။ ပျော်ပျော်ရွှင်ရွှင်ပဲ။ သူငယ်ချင်းတွေထင်ပါရဲ့ ဘယ်အရွယ်ထဲကပေါင်းလဲတော့မသိဘူး။ သူတို့ကိုကြည့်ပြီး ငါသာ […]

Dark Theme &Light Theme

Dark Theme နဲ့ Light Theme နဲ့ User ကိုရွေးချယ်ခွင့်ပေးသင့်လား။ တစ်မျိုးပဲရွေးသင့်လား။ Time based နဲ့ အရောင်ပြောင်းသင့်လား။ App တစ်ခုကိုစဉ်းစားရင် App ရဲ့ color တွေအပြင် theme ကိုပါထည့်စဉ်းစားရတဲ့ အချိန်ရောက်လာပါပြီ။ Android ဆို Appcompat မှာ Light နဲ့ Dark အပြင် အချိန်အလိုက်ပြောင်းလို့ရတဲ့ DayNight Theme ပါထည့်ပေးလာပါတယ်။ iOS ကတော့ Dark Theme နဲ့ပတ်သက်လို့ Official Support မပေးသေးပေမဲ့ Apple Watch App မှာ Dark Theme ကိုသုံးထားတာကိုတွေ့နိုင်ပါတယ်။ တစ်ခြား App တွေလဲ Dark Theme ကို […]

Buying Experiences

Buying Experiences အတွေ့အကြုံကိုဝယ်လို့ရပါတယ်။ တကယ်ဝယ်လို့ရတာပါ။ အတွေ့အကြုံကိုိ ကုန်ပစ္စည်းလို့သဘောထားကြည့်ပါ။ တစ်ခြားကုန်ပစ္စည်းတွေထက်ပိုကောင်းတာက အတွေ့အကြုံက တန်ဖိုးကျမသွားပါဘူး။ ဒါပေမဲ့ အတွေ့အကြုံကို ပိုက်ဆံတင်မဟုတ်ပဲ အချိန်ပါရင်းပြီး ဝယ်ရပါတယ်။ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီး အတွေ့အကြုံမရှိလို့ အလုပ်မရတဲ့သူတွေအများကြီးပါ။ အသက်ကြီးလာတာနဲ့အမျှ အလုပ်မရလို့ အတွေ့အကြုံမရှိ အတွေ့အကြုံမရှိလို့ အလုပ်မရဖြစ်ပြီး အချိန်တွေကုန်သွားတဲ့ဲ့သူတွေအများကြီးပါ။ ဒါက ငယ်တုန်း အတွေ့အကြုံမရှာထားတဲ့ ပြဿနာပါပဲ။ အတွေ့အကြုံကို ဝယ်တယ်ဆိုတာထက် အရံှုးခံပြီး အတွေ့အကြုံရှာတာများပါတယ်။ ဥပမာ Oracle ဟာအရင်က enterprise software တွေကို အရံှုးခံပြီး ရေးပါတယ်။ နောက်ပိုင်း Oracle ဟာ enterprise software တွေအတွက် reusable code တွေ management တွေအတွက် တော်တော်လေးကို အတွေ့အကြုံရပြီးသားဖြစ်သွားပါတယ်။ ဒါကြောင့် နောက်ပိုင်း […]

MDetct Library

တနင်္ဂနွေနေ့က GDG ရဲ့ Dinner သွားရင်း ကိုသူရလိှုင်နဲ့ စကားပြောဖြစ်တာနဲ့ ဒီ Library လေးလုပ်ဖြစ်တယ်။ ဒီ Library ကတော့ Android စက်တွေမှာ ယူနီကုဒ်သုံးထားလားဆိုတာစစ်တာပါ။ လုပ်ထားတာကရှင်းရှင်းလေးပါ။ က နဲ့ က္က တို့ရဲ့ width ကို တိုက်စစ်လိုက်တယ်။ က္ကက ဇော်ဂျီမှာဆို က်က ဆိုတာဖြစ်နေမှာဆိုတော့ ကကြီးရဲ့ width ထက် တော်တော်လေးများနေရင် ယူနီကုဒ် rendering သေချာမလုပ်နိုင်လို့ ဒါမှမဟုုတ်ဇော်ဂျီသွင်းထားလို့ဆိုပြီး ဆုံးဖြတ်လို့ရတယ်။ မူရင်း idea ကဘယ်သူ့ idea မှန်းတော့မသိဘူး။ ကိုအိမောင်ရေးထားတာလဲဖတ်ဖူးတယ်။ ကိုသူူရလိှုင်ကိုမေးကြည့်တော့ ဦးထွန်းသူရသက်ရဲ့ method လို့လဲပြောတယ်။ Android မှာသုံးချင်တယ်ဆိုရင်တော့ Github မှာတင်ပေးထားပါတယ်။ အသုံးပြုနည်းပါ ထည့်ပေးထားပါတယ်။