Buying Experiences

person Myat Min Soefolder_openBlogaccess_time October 2, 2016

Buying Experiences
အတွေ့အကြုံကိုဝယ်လို့ရပါတယ်။ တကယ်ဝယ်လို့ရတာပါ။ အတွေ့အကြုံကိုိ ကုန်ပစ္စည်းလို့သဘောထားကြည့်ပါ။ တစ်ခြားကုန်ပစ္စည်းတွေထက်ပိုကောင်းတာက အတွေ့အကြုံက တန်ဖိုးကျမသွားပါဘူး။ ဒါပေမဲ့ အတွေ့အကြုံကို ပိုက်ဆံတင်မဟုတ်ပဲ အချိန်ပါရင်းပြီး ဝယ်ရပါတယ်။
မြန်မာနိုင်ငံမှာ ဘွဲ့ရပြီး အတွေ့အကြုံမရှိလို့ အလုပ်မရတဲ့သူတွေအများကြီးပါ။ အသက်ကြီးလာတာနဲ့အမျှ အလုပ်မရလို့ အတွေ့အကြုံမရှိ အတွေ့အကြုံမရှိလို့ အလုပ်မရဖြစ်ပြီး အချိန်တွေကုန်သွားတဲ့ဲ့သူတွေအများကြီးပါ။ ဒါက ငယ်တုန်း အတွေ့အကြုံမရှာထားတဲ့ ပြဿနာပါပဲ။

အတွေ့အကြုံကို ဝယ်တယ်ဆိုတာထက် အရံှုးခံပြီး အတွေ့အကြုံရှာတာများပါတယ်။ ဥပမာ Oracle ဟာအရင်က enterprise software တွေကို အရံှုးခံပြီး ရေးပါတယ်။ နောက်ပိုင်း Oracle ဟာ enterprise software တွေအတွက် reusable code တွေ management တွေအတွက် တော်တော်လေးကို အတွေ့အကြုံရပြီးသားဖြစ်သွားပါတယ်။ ဒါကြောင့် နောက်ပိုင်း solutions တွေကို မြန်မြန်ဆန်ဆန်နဲ့ပြီးနိုင်ပါတယ်။ မြန်ဆန်တယ်ဆိုတဲ့နေရာမှာ code ရေးတာတစ်ခုပဲမဟုတ်ပဲ software development life cycle မှာပါတဲ့ stage အားလုံးအတွက် မြန်သွားတာပါ။ အခုအချိန်မှာတော့ အရင်လို အရံှုးခံစရာမလိုတော့ပါဘူး။ အတွေ့အကြုံနဲ့ နာမည်ကောင်းရတော့ client လဲမရှားတော့ပါဘူး။ မြန်မာနိုင်ငံက KBZ Bank တောင် Oracle FLEXCUBE ကိုအသုံးပြုနေပါတယ်။ ဒါဟာ ကုမ္ပဏီတစ်ခုက အတွေ့အကြုံကို အချိန်နဲ့ငွေ ရင်းပြီး ဝယ်ယူသွားတာပါပဲ။

အပေါ်က အလုပ်အကိုင်အကြောင်းဆက်ပြောရင် ဘွဲ့ရတာနဲ့ အလုပ် အဆင်သင့်ဖြစ်နေအောင်ဘယ်လိုလုပ်မလဲ။ ကျောင်းတက်နေတုန်းဆိုရင် ကိုယ့်ပညာနဲ့ဆိုင်တဲ့ စာအုပ်တွေများများဖတ်သင့်ပါတယ်။ နည်းပညာဘက်ကပြောမယ်ဆိုရင် နောက်ဆုံးခေတ်စားနေတဲ့ နည်းပညာအသစ်တွေ framework တွေအကြောင်း တီးမိခေါက်မိအောင်လုပ်ထားသင့်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းတစ်ခုကို ကျွမ်းကျင်အောင် လေ့ကျင့်သင့်ပါတယ်။ သင်တန်းပဲတက်တက် ကိုယ့်ဟာကို self study ပဲလုပ်လုပ်။ ဘယ်နည်းနဲ့မဆိုကျောင်းပြီးရင် ဒီ field နဲ့အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ထားပြီး တစ်ခုခုကို သေချာလုပ်ထားသင့်ပါတယ်။ နောက်ဆုံးအရေးကြီးတာက ကျောင်းကသင်ပေးတဲ့ အခြေခံတွေကို နားလည်အောင် လုပ်သင့်ပါတယ်။ နားမလည်ရင် နားလည်တဲ့သူတွေစီကပြန်မေးတာမျိုး ရှာဖတ်တာမျိုးလုပ်သင့်ပါတယ်။ အခုခေတ်က အကြောင်းတစ်ခုခုသိချင်ရင် စာကြည့်တိုက်သွား စာအုပ်တွေရှာ အကုန်ဖတ် အဆင်မပြေရင် နောက်တစ်အုပ်ပြောင်း ဒါမျိုးမဟုတ်တော့ပါဘူး။ သိချင်တဲ့အကြောင်း Google မှာ ရိုက်လိုက်တာနဲ့ အများကြီးကျလာမှာပါ။ နောက်တစ်ခုက ကိုယ်ဝါသနာပါတဲ့ဘက်မှာ သိသွားပြီ (ကိုယ့်ကိုယ်ကို တတ်သွားပြီဟုထင်တတ်သည်) ဆိုလျှင် သက်ဆိုင်တဲ့ နယ်ပယ်မှာ အချိန်ပိုင်း(intern) အလုပ်လုပ်ကြည့်ပါ။ ဒါမှမဟုတ် remote လုပ်ကြည့်ပါ။ လစာ ကိုလုံးဝမကြည့်ပါနဲ့။ တစ်ချို့ဆို ပိုက်ဆံပေးပြီး အလုပ်သင်လုပ်ရတာတောင်ရှိပါတယ်။ လက်တွေ့နယ်ပယ်မှာလုပ်နေတဲ့သူတွေနဲ့ အလုပ်တွဲလုပ်ကြည့်မှာ ကိုယ့်လိုအပ်ချက်တွေကို သိပါလိမ့်မယ်။ ကိုယ်မသိသေးတာတွေကို သိပါလိမ့်မယ်။ တွဲလုပ်တဲ့သူက သင်ပေးချင်စိတ်သာရှိပါစေ (အများအားဖြင့် တွဲခေါ်ကျတာများပါတယ်)။ ဒါဆို တကယ်ဘယ်လိုလုပ်နေလဲဆိုတာ အကြမ်းဖျဉ်းသိသွားပါပြီ။
ဒါဆိုရင် ဘွဲ့ရပြီးရင် အလုပ်က အဆင်သင့်ဖြစ်နေပါပြီီ။ ဘွဲ့ရပြီးမှ အလုပ်သင်လဲမလုပ်ချင် ဘာမှလဲ မတတ်ဆိုတဲ့ ဘဝမျိုးက ကျွတ်ပါပြီ။ နောက်ဘာဆက်လုပ်မလဲ။ ဘွဲ့ပဲထပ်ယူမလား။ အလုပ်လုပ်တော့မလားဆိုတာစဉ်းစားပါ။ ကိုယ့်အခွင့်အလမ်းတွေ ကိုယ့်ဟာကို ရှာပါ။ တစ်ယောက်နဲ့တစ်ယောက် ဝါသနာ မတူတဲ့အတွက် ဘာလုပ်ရမယ်ဆိုပြီးမရှိပါဘူး။ အလုပ်လုပ်မယ်ဆိုလဲ ဒီအလုပ်ကို ယာယီလုပ်မှာလား တစ်သက်လုံးလုပ်မှာလား အဆင်ပြေသလောက်လုပ်မှာလား ဆိုတာ တစ်ခါတည်း ဆုံးဖြတ်ထားပါ။ အလုပ်က ကိုယ့်အတွက် တက်လမ်းရှိလားဆိုတာ ဆုံးဖြတ်ပါ။ ကိုယ့်ဟာကို ကုမ္ပဏီထောင်မယ်ဆိုရင်လဲ plan သေချာဆွဲပြီးလုပ်ပါ။

ဘွဲ့လဲရပြီးြပီ ဘာမှမတတ်ဘူးဆိုလဲ ခုချိန်ထိ နောက်မကျသေးပါဘူး။ နောက် ၂ နှစ်လောက်အချိန်ယူပြီး သေချာပြန်လေ့လာပါ။ ကျောင်းမရှိတော့တဲ့အတွက် အချိန်တွေအများကြီးရှိတာကို အသုံးချပါ။ နောက်ဆုံးပြောချင်တာကတော့ အတွေ့အကြုံဝယ်ဖို့ အချိန်နဲ့ငွေကို မနှမြောပါနဲ့။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>