Android Development 8: Android Logging

person Myat Min Soefolder_openAndroid Developmentaccess_time May 22, 2016

Android Logging

Log ဆိုတာကတော့ ကိုယ့် code ကို run နေစဉ်ဘာတွေဖြစ်လဲဆိုတာ လက်တွေ့မြင်နေရဖို့အတွက်ပဲဖြစ်ပါတယ်။ Java မှာ System.out.print() သုံးပြီး Console မှာစာပြသလိုမျိုးပါ။ Android Log ကို Android Studio အောက်က Logcat ထဲမှာပြမှာဖြစ်ပါတယ်။ Log တွေများလာရင် လိုက်ကြည့်ရတာရှုပ်တာကြောင့် Level အမျိုးမျိုးခွဲပြီး log ထုတ်နိုင်ပါတယ်။ Android Studio Logcat မှာလဲ Level အလိုက် log တွေခွဲပြီးကြည့်နိုင်ပါတယ်။

Verbose
အနက်ရောင်နှင့်ပြမည်။ Log.v() method ကိုအသုံးပြုရမည်။

Debug
အပြာရောင်နှင့်ပြမည်။ Log.d() method ကိုအသုံးပြုရမည်။

Info
အစိမ်းရောင်နှင့်ပြမည်။ Log.i() method ကိုအသုံးပြုရမည်။

Warning
လိမ္မော်ရောင်နှင့်ပြမည်။ Log.w() method ကိုအသုံးပြုရမည်။

Error
အနီရောင်နှင့်ပြမည်။ Log.e() method ကိုအသုံးပြုရမည်။

Log ကိုစမ်းရန်  MainActivity Class ကိုဖွင့်လိုက်ပါ။ onCreate() method ရဲ့အောက်ဆုံးမှာ ဒီအတိုင်းထည့်လိုက်ပါ။

        Log.v("Verbose", "This is a Verbose log message");

        Log.d("Debug", "This is a Debug log message");
        
Log.i("Info", "This is a Info log message");

        Log.w("Warning", "This is a Warning log message");

        Log.e("Error", "This is a Error log message");

Run ကြည့်ပါ။ Android Studio အောက်ဆုံးက Android Monitor > Logcat မှာ တစ်ခြား Log တွေနဲ့အတူ ကိုယ့်ရဲ့ Log တွေအစဉ်လိုက်ပေါ်လာမှာဖြစ်ပါတယ်။

8_01

ကျွန်တော်တို့ Activity Life Cycle ကိုပြန်စမ်းကြည့်ရအောင် Override Method (Ctrl + I) ကနေ onStart() နဲ့ onResume() method နှစ်ခုကို ထည့်လိုက်ပါ။ ထုတ်ထားတဲ့ Log တွေကိုဖျက်ပြီး အောက်ပါအတိုင်းထည့်လိုက်ပါ။

    @Override
    protected void onCreate(Bundle savedInstanceState) {
        super.onCreate(savedInstanceState);
        setContentView(R.layout.activity_main);
        button = (Button) findViewById(R.id.btnStart);
        Log.v("Activity Life Cycle", "onCreate");
    }

    @Override
    protected void onStart() {
        super.onStart();
        Log.v("Activity Life Cycle", "onStart");
    }

    @Override
    protected void onResume() {
        super.onResume();
        Log.v("Activity Life Cycle", "onResume");
    }

Run ကြည့်ပါ။ Logcat မှာ onCreate, onStart, onResume ဆိုပြီး အစဉ်လိုက်ပေါ်လာမှပဲဖြစ်ပါတယ်။ Click Me Button ကိုနှိပ်ပြီး ဖုန်းက back key နဲ့ပြန်သွားကြည့်ပါ။ onStart, onResume ပဲအလုပ်လုပ်မှာဖြစ်ပြီး onCreate ကိုပြန်မလုပ်တော့ပါဘူး။ ဒါကြောင့် Activity ပြန်စတဲ့အချိန်မှာလုပ်သင့်တဲ့ ocde တွေကို onCreate မှာမထည့်ပဲ onResume မှာထည့်သင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>