Android Development 5: Android Activity Life Cycle

person Myat Min Soefolder_openAndroid Developmentaccess_time May 21, 2016

Android Activity Life Cycle

Android Studio ရဲ့ ဘယ်ဘက်ဘေးက Project Explorer ကနေ app > java > package name (com.xxxx.tutorials) > MainAcivity.java ကိုဖွင့်လိုက်ပါ။

သူ့ထဲမှာ onCreate() ဆိုတဲ့ method တစ်ခုတွေ့ပါလိမ့်မယ်။ onCreate() method ထဲမှာ setContentView(R.layout.activity_main); ဆိုတဲ့ method ကို ထပ်ခေါ်ထားပါတယ်။ setContentView method မှာ int parameter ပေးရပါတယ်။ layout folder ထဲမှာ xml တစ်ခုဆောက်လိုက်တာနဲ့ R ဆိုတဲ့ class ထဲမှာ activity_main ဆိုတဲ့နာမည်နဲ့ static int value တစ်ခုကို အလိုလိုဆောက်ပေးပါတယ်။ setContentView method ကတော့ လက်ရှိ Activity အတွက် xml layout ကိုယူပြီး ဖုန်းမျက်နှာပြင်ပေါ်မှာ ပုံဆွဲလိုက်တာပဲဖြစ်ပါတယ်။

Activity ဆိုတာကတော့ ဖုန်းမှာမြင်နေတာတစ်ခုလုံးကို Activity တစ်ခုလို့ခေါ်ပါတယ်။ Android Application တစ်ခုမှာ Activity များစွာပါဝင်နိုင်ပါတယ်။ Play Store App ကနေ Play Store settings ကိုဖွင့်လိုက်တဲ့အခါ Activity တစ်ခုထပ်တက်လာပါတယ်။ Activity တစ်ခုကနေ တစ်ခုကိုပြောင်းတဲ့အခါ အရင် Activity ကို ရပ်ပါတယ်။ ပြီးမှ နောက် Activity ကိုစပါတယ်။ အောက်ကပုံကိုကြည့်ပါ။

5_01

Activity တစ်ခုကိုစလိုက်တာနဲ့ onCreate() -> onStart() -> onResume() ဆိုပြီး အစဉ်လိုက်အလုပ်လုပ်ပါတယ်။
Activity တစ်ခုကိုဖျက်မယ်ဆိုရင် onPause -> onStop -> onDestroy() ဆိုပြီး အစဉ်လိုက်အလုပ်လုပ်ပါတယ်။

method တစ်ခုခြင်းဘယ်အချိန်အလုပ်လုပ်လဲကြည့်ရအောင်

onCreate() App ကိုစစဖွင့်ခြင်းအလုပ်လုပ်ပါတယ်။ layout ချတာအပြင် တစ်ခြား variable initialization ကအစအကုန် onCreate() method ထဲမှာလုပ်ပေးရပါတယ်။
onStart() App ကိုပိတ်ပြီးပြန်ဖွင့်တဲ့အချိန်ဖြစ်ဖြစ် Activity တစ်ခုကနေ back နဲ့ပြန်သွားတာမျိုးပဲဖြစ်ဖြစ် onStart() ကစပြီးအလုပ်လုပ်ပါတယ်။ onStart()
Activity တစ်ခုအဆင့်ကပွင့်ပွင့် onResume() method က အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် onResume() ထဲမှာ Activity ဘယ်အချိန်ပွင့်ပွင့်လုပ်ရမဲ့အလုပ်မျိုးထည့်သင့်ပါတယ်။ (ဥပမာ refresh)

onPause() Activity ကိုပိတ်လိုက်တာပဲဖြစ်ဖြစ် memory မလောက်လို့ ဖုန်းက ရပ်လိုက်တာပဲဖြစ်ဖြစ် onPause() ကအလုပ်လုပ်ပါတယ်။ ကိုယ့် Activity ရပ်သွားတဲ့အခါ လုပ်ဆောင်သင့်တဲ့အရာမျိုးတွေကို onPause() method ထဲမှာရေးသင့်ပါတယ်။ (ဥပမာ data saving)
onStop() Activity ကို user ပိတ်လိုက်တဲ့အခါမျိုးမှာ onStop() method ကအလုပ်လုပ်ပါတယ်။
onDestroy() ဖုန်းပိတ်လိုက်တာပဲဖြစ်ဖြစ် App ကိုဖုန်း memory ပေါ်ကဖယ်လိုက်တဲ့အခါပဲဖြစ်ဖြစ် onDestroy() method ကအလုပ်လုပ်ပါတယ်။

အသေချာဆုံးကတော့ onPause() နဲ့ onResume() method တွေမှာ Activity ပိတ်ရင်ဘာလုပ်မလဲ ဖွင့်ရင်ဘာလုပ်မလဲဆိုတာတွေကိုရေးသင့်ပါတယ်။ onCreate() မှာ setContentView အပါအဝင် variable initialize လုပ်တာတွေရေးသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>