Java Programming 7: Loop Control

person Myat Min Soefolder_openJava Programmingaccess_time June 18, 2016

Loop Control

ထပ်ခါထပ်ခါ လုပ်ရတဲ့ အလုပ်တွေမှာ Looping ကိုသုံးပါတယ်။ Loop Control အတွက် For loop, While loop နဲ့ Do… While loop ဆိုပြီး java မှာ သုံးမျိုးသုံးစားရှိပါတယ်။

For loop

for loop ရဲ့ syntax ကတော့ အောက်ပါအတိုင်းပါ။

for(initialization; expression; increment/decrement) {
//code
}

Class အသစ်ယူ Tutorial6 လို့နာမည်ပေးပြီး အောက်ကအတိုင်းရေးပြီး run ကြည့်ပါ။

package tutorial;

public class Tutorial6 {

    public static void main(String[] args) {

        for(int i = 0; i < 5; i++) {
            System.out.println("Hello " + i);
        }
    }
}

Hello 0
Hello 1
Hello 2
Hello 3
Hello 4

ဆိုပြီး ၅ ကြောင်းထွက်လာတာကိုတွေ့ရပါလိမ့်မယ်။ for နောက်က () ထဲက code တွေကိုကြည့်ရအောင် int i = 0; ဆိုတာ initalization ပဲဖြစ်ပါတယ်။ int variable i ယူပြီး သူ့ထဲကို 0 လို့ထည့်လိုက်ပါတယ်။ expression ကတော့ condition စစ်တာပဲဖြစ်ပါတယ်။ condition true ဖြစ်တာနဲ့ loop တစ်ပါတ်ပါတ်မှာဖြစ်ပါတယ် i < 5 ဖြစ်တာကြောင့် i က 5 ထက်သေးသရေွ့ loop ပတ်မှာဖြစ်ပါတယ်။။ နောက်ဆုံးကတော့ increment/decrement ပါ။ loop တစ်ပါတ်ပြီးတိုင်း ဒီ code ကအလုပ်လုပ်ပါတယ်။ i++ ဖြစ်တာကြောင့် loop တစ်ပါတ်ပြီးတိုင်း i တန်ဖိုးကတိုးလာမှာဖြစ်ပါတယ်။ Loop ပတ်ပုံကိုကြည့်ရအောင် ပထမဆုံး i က 0 ပါ။ condition စစ်ပါတယ်။ 0 < 5 = true ဖြစ်တဲ့အတွက် loop ကိုစအလုပ်လုပ်ပါတယ်။ System.out.println() နဲ့ထုတ်ထားတဲ့အတိုင်း "Hello " နဲ့ i ကိုထုတ်တဲ့အတွက် Hello 0 ဆိုပြီးထွက်လာပါတယ်။ increment အလုပ်လုပ်ပါတယ်။ i က 1 ဖြစ်သွားပါတယ်။ condition ထပ်စစ်ပါတယ်။ 1 < 5 = true ဖြစ်တာကြောင့် Hello 1 ဆိုပြီးထွက်လာပါတယ်။ i ကို ထပ်တိုးပါတယ်။ ဒီလိုနဲ့ condition စစ်လိုက် i ကိုတိုးလိုက်လုပ်လိုက်တာ i က 5 ဖြစ်တဲ့အချိန်ရောက်သွားပါတယ်။ 5 < 5 = false ပါ။ ဒါကြောင့် loop ကိုအလုပ်လုပ်မလုပ်တော့ပါဘူး loop ပြီးသွားပါပြီ။ သူ့အောက်မှာ code တွေရှိရင် သူ့အောက်က code တေွကို ဆက်လက်အလုပ်လုပ်ပါတယ်။ While loop

While loop ကို loop ဘယ်နှစ်ကြိမ်ပါတ်မလဲ အတိအကျမသိတဲ့အခါသုံးပါတယ်။ ၁ ကြိမ်မှ loop မပါတ်တာဖြစ်နိုင်သလို infinite loop အထိဖြစ်နိုင်ပါတယ်။

While Loop syntax ကိုကြည့်ရအောင်။

while(condition) {
//code
}

အောက်က code ကို main method ထဲ for loop အောက်မှာ ရေးကြည့်ပါ။

        int i = 0;
        boolean myCondition = true;
        while(myCondition) {
            System.out.println(i);
            if(i == 5) {
                myCondition = false;
            }
            i++;
        }

အရင်းဆုံး int i = 0; ဆိုပြီး int variable initialize လုပ်ပါတယ်။ myCondition ဆိုတဲ့ boolean variable ထဲ true ထည့်ပြီး initialize လုပ်ပါတယ်။ ပထမတစ်ခါ while(myCondition) က true ပါ။ ဒါကြောင့် {} ထဲက code တွေကို ဆက်အလုပ်လုပ်ပါတယ်။ System.out.println(i); ဆိုတဲ့အတွက် 0 ထွက်လာပါတယ်။ i က 5 နဲ့ညီလားစစ်ပါတယ်။ မညီသေးတဲ့အတွက် if{} ထဲက code ကိုကြော်ပြီး i++; ဆိုအလုပ်လုပ်ပါတယ်။ ဒီလိုနဲ့တိုးလာတဲ့အခါ i က 5 နဲ့ညီသွားပါတယ်။ myCondition က flase ဖြစ်သွားပြီး while loop ရပ်သွားပါတယ်။

Do While loop

Do while loop က while loop နဲ့တော်တော်လေးဆင်ပါတယ်။ ဒါပေမဲ့ do while ကအနည်းဆုံး loop ၁ ကြိမ်ပါတ်ပါတယ်။ do while loop ရဲ့ syntax ကတော့အောက်ပါအတိုင်းပါ။

do {
//code
}while(condition);

ဒီမှာက while(condition); မှာ ; ပါဝင်တာကို သတိပြုရပါမယ်။ အောက်ကအတိုင်းစမ်းကြည့်ပါ။

        int j = 5;
        do {
            System.out.println("j = " + j);
        }while(j<3);

        int k = 5;
        do {
            System.out.println("k = " + k);
            k--;
        }while(k>0);

အပေါ်မှာ j က 5 ဖြစ်ပြီး 3 ထက်ငယ်ပေမဲ့ do ထဲက code တစ်ခါအလုပ်လုပ်သွားပါတယ်။ ဘာလို့လဲဆိုတော့ condition ကို နောက်ဆုံးမှစစ်လို့ပါ။

code အပြည့်အစုံ

package tutorial;

public class Tutorial6 {

    public static void main(String[] args) {

        for(int i = 0; i < 5; i++) {
            System.out.println("Hello " + i);
        }

        int i = 0;
        boolean myCondition = true;
        while(myCondition) {
            System.out.println("i = " + i);
            if(i == 5) {
                myCondition = false;
            }
            i++;
        }

        int j = 5;
        do {
            System.out.println("j = " + j);
        }while(j<3);

        int k = 5;
        do {
            System.out.println("k = " + k);
            k--;
        }while(k>0);

    }
}

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>