MDetct Library

person Myat Min Soefolder_openBlogaccess_time June 13, 2016

တနင်္ဂနွေနေ့က GDG ရဲ့ Dinner သွားရင်း ကိုသူရလိှုင်နဲ့ စကားပြောဖြစ်တာနဲ့ ဒီ Library လေးလုပ်ဖြစ်တယ်။ ဒီ Library ကတော့ Android စက်တွေမှာ ယူနီကုဒ်သုံးထားလားဆိုတာစစ်တာပါ။ လုပ်ထားတာကရှင်းရှင်းလေးပါ။ က နဲ့ က္က တို့ရဲ့ width ကို တိုက်စစ်လိုက်တယ်။ က္ကက ဇော်ဂျီမှာဆို က်က ဆိုတာဖြစ်နေမှာဆိုတော့ ကကြီးရဲ့ width ထက် တော်တော်လေးများနေရင် ယူနီကုဒ် rendering သေချာမလုပ်နိုင်လို့ ဒါမှမဟုုတ်ဇော်ဂျီသွင်းထားလို့ဆိုပြီး ဆုံးဖြတ်လို့ရတယ်။ မူရင်း idea ကဘယ်သူ့ idea မှန်းတော့မသိဘူး။ ကိုအိမောင်ရေးထားတာလဲဖတ်ဖူးတယ်။ ကိုသူူရလိှုင်ကိုမေးကြည့်တော့ ဦးထွန်းသူရသက်ရဲ့ method လို့လဲပြောတယ်။ Android မှာသုံးချင်တယ်ဆိုရင်တော့ Github မှာတင်ပေးထားပါတယ်။ အသုံးပြုနည်းပါ ထည့်ပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>