Java Programming 5: Java Input

person Myat Min Soefolder_openJava Programmingaccess_time June 6, 2016

Java Input

Program တစ်ပုဒ်မှာ အကြမ်းဖျဉ်းအားဖြင့် သုံးပိုင်းပါဝင်ပါတယ်။

Input – Process – Output ဆိုပြီးပါ။

Data ကို input ပေးလိုက်မယ်။ Program က input ကိုလက်ခံပြီး process တစ်ခုလုပ်လိုက်မယ်။ ပြီးရင် output ပြန်ထုတ်ပါတယ်။

Class အသစ်ယူပါ Tutorial4 လို့နာမည်ပေးလိုက်ပါ။ အောက်ကအတိုင်းရေးပြီး Run ကြည့်ပါ။

package tutorial;

import java.util.Scanner;

public class Tutorial4 {

    public static void main(String[] args) {

        Scanner scanner = new Scanner(System.in);
        String myName;
        System.out.print("Enter your name: ");
        myName = scanner.nextLine();

        System.out.println("Your name is " + myName + ".");

        System.out.print("Enter your age: ");
        int i = scanner.nextInt();

        System.out.println("Your age is " + i);
    }

}

main method ထဲမှာ ပထမဆုံး အကြောင်းကတော့ Scanner scanner = new Scanner(System.in); ဆိုတာပဲဖြစ်ပါတယ်။ ဒါ Object အသစ်တစ်ခုဆောက်ထားတာဖြစ်ပါတယ်။ Object အကြောင်းကို နောက်သင်ခန်းစာတွေမှာ အသေးစိတ်ရှင်းပြမှာဖြစ်တဲ့အတွက် ဒါကို Scanner object ဆောက်ထားတယ်လို့ သိရင်ရပါပြီ။ scanner ဆိုတာက Scanner Object variable တစ်ခုပဲဖြစ်ပါတယ်။ Scanner object ကိုသုံးမယ်ဆိုရင် အပေါ်ဆုံးမှာ package ရဲ့အောက်မှာ import လုပ်ပေးရပါတယ်။ IDE တော်တော်များများက Auto Import ကိုအထောက်အပံ့ပေးတာကြောင့် import တွေကိုအလွတ်မှတ်စရာမလိုပါဘူး။ pakcage အောက်မှာ import java.util.Scanner; ဆိုပြီးထည့်ပေးပါ။

ဒုတိယတစ်ကြောင်းမှာတော့ myName ဆိုတဲ့ String variable တစ်ခုကြေငြာထားပါတယ်။ variable ကြေငြာတဲ့အခါ တန်ဖိုးလက်မခံပဲကြေငြာနိုင်ပါတယ်။

တတိယတစ်ကြောင်းမှာ “Enter your name :” ဆိုတဲ့ စာကြောင်းကို System.out.print နဲ့ထုတ်ပြထားတာပါတယ်။

စတုထ္ထတစ်ကြောင်းကတော့ myName = scanner.nextLine(); ဆိုပြီး myName ထဲကို Scanner ကနေတစ်ဆင့် value ထည့်လိုက်ပါတယ်။ scanner.nextLine() ကတော့ user ဆီက input တစ်ကြောင်းလက်ခံတာပါ nextLine() method ကတော့ user enter နှိပ်လိုက်ရင် value ကို myName ထဲတစ်ခါတည်းထည့်သွားမှာဖြစ်ပါတယ်။ console မှာပဲ input လက်ခံမှာဖြစ်တဲ့အတွက် ရိုက်ထည့်ဖို့လိုပါတယ်။

၅ ကြောင်းမြောက်မှာတော့ ထည့်လိုက်တဲ့တန်ဖိုးကို Your name is ဆိုတဲ့ String နဲ့ပေါင်းပြီးပြန်ထုတ်ပြပါတယ်။

၆ နဲ့ ၇ မှာတော့နာက်တစ်ခါအပေါ်ကအတိုင်း ပဲ Enter your age ဆိုပြီးယူပါတယ်။ scanner.nextInt() ဆိုတာကတော့ integer တန်ဖိုးလက်ခံတာဖြစ်ပါတယ်။ အဲ့ဒီ့နေရာမှာ ကိန်းပြည့်မရိုက်ထည့်ပဲ စာကြောင်းတွေ chracter တွေရိုက်ထည့်မယ်ဆို တစ်ခါတည်း error ပြမှာဖြစ်ပါတယ်။
နောက်ဆုံးတစ်ကြောင်းမှာတော့ input လက်ခံထားတဲ့ int ကို Your age is ဆိုတဲ့ String နဲ့တွဲပြီး ထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။

Exercise

Input ကိုအမျိုးမျိုး စမ်းသပ်ကြည့်ပါ ဂဏန်း ၂ခု လက်ခံပြီး +, -, *, /, တန်ဖိုးအမျိုးမျိုးထုတ်ကြည့်ပါ။

Comment

  1. java programming စာအုပ်ရှိလားမြန်မာလို အစ်ကိုခုလိုရေးတာလိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>