Java Programming 4: Arithmetic Operators

person Myat Min Soefolder_openJava Programmingaccess_time June 6, 2016

Arithmetic Operators

Data Type နဲ့ Variable ကိုရင်းနီးသွားပြီဆိုရင် Arithmetic Operators တွေအကြောင်းရှင်းပြပါမယ်။

Class အသစ်တစ်ခုယူပြီး Tutorial 3 လို့နာမည်ပေးလိုက်ပါ။ main method ထဲမှာ အောက်ကအတိုင်းရေးလိုက်ပါ။

int i = 3;

အပေါ်က code မှာပါတဲ့ = ကို assignment operator လို့ခေါ်ပါတယ်။ 3 ဆိုတဲ့ တန်ဖိုး (value) ကို i ဆိုတဲ့ variable ထဲကို ထည့်(assign) လုပ်လိုက်လို့ပါ။

int i = 3;
i = 5 + 2;
System.out.println(i);

run ကြည့်ပါ။ 7 ထွက်လာပါလိမ့်မယ်။ ပထမတစ်ကြောင်းမှာ int variable i ကြေငြာပြီး 3 ကိုထည့်လိုက်ပါတယ်။ ဒုတိယတစ်ကြောင်းမှာတော့ i ထဲကို 5 + 2 ကို assign လုပ်လိုက်ပါတယ်။ ဒါကြောင် ့အရင်သိမ်းထားတဲ့ 3 ပျောက်သွားပြီး အသစ် 7 ရောက်လာပါတယ်။ + ကို Arithmetic Operator လို့ခေါ်တာပါ။ Arithmetic Operator နဲ့ variable တွေ အသုံးပြုပုံကို သိချင်ရင် အောက်က code တွေကို စမ်းကြည့်ပါ။

int a = 6;
int b = 2;
int c = a + b;
int d = a – b;
int e = a * b;
int f = a / b;
int g = a % b;
System.out.println(c);
System.out.println(d);
System.out.println(e);
System.out.println(f);
System.out.println(g);

အောက်ဆုံးက % ကတော့ modulo ပါ အကြွင်းကိုပြောတာဖြစ်ပါတယ်။ ဥပမာ။ ။ 4%3 = 1, 5%3 = 2

နောက်ထပ် Arithmetic Operator နှစ်ခုကျန်ပါသေးတယ်။ ++(increment) နဲ့ –(decrement) ပါ။ variable ကို 1 အတိုးအလျှော့လုပ်တာပဲဖြစ်ပါတယ်။

int h = 5;
int i = 10;
h++;
i–;
System.out.println(h);
System.out.println(i);

Arithmetic Operator သင်ခန်းစာအတွက် code အပြည့်အစုံ

package tutorial;

public class Tutorial3 {

    public static void main(String[] args) {

        int a = 6;
        int b = 2;
        int c = a + b;
        int d = a - b;
        int e = a * b;
        int f = a / b;
        int g = a % b;

        System.out.println(c);
        System.out.println(d);
        System.out.println(e);
        System.out.println(f);
        System.out.println(g);

        int h = 5;
        int i = 10;
        h++;
        i--;
        System.out.println(h);
        System.out.println(i);

    }
}

Comment

  1. အစ်ကိုရေ ကျနော် screen shot ရိုက်
    သိမ်းလို့ရမလား beginner ပါ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>