Java Programming 3: Java Data Types & Variables

person Myat Min Soefolder_openJava Programmingaccess_time June 6, 2016

Java Data Types & Variables

Variables ဆိုတာကတော့ memory ပေါ်မှာ တန်ဖိုးတွေမှတ်ဖို့ နေရာယူထားတာပဲဖြစ်ပါတယ်။ Java variable တွေမှာ Data Type တွေရှိပါတယ်။ Data Type တွေကတော့ အောက်ကအတိုင်းပါ။

byte

– ကိန်းပြည့် (integer) ကို 8 bit နေရာယူပြီးမှတ်ပါတယ်။
– -128 ကနေ 127 အထိမှတ်နိုင်ပါတယ်။
– ကိန်းအရမ်းမကြီးတဲ့ နံပါတ်မျိုးမှတ်တဲ့အခါ int ထက် memory အစားသက်သာလို့ အသုံးပြုလေ့ရှိပါတယ်။

short

– ကိန်းပြည့် (integer) ကို 16 bit နေရာယူပြီးမှတ်ပါတယ်။
– -32768 ကနေ 32767 အထိမှတ်နိုင်ပါတယ်။
– byte နဲ့လဲမလောက် int လောက်လဲမလိုတဲ့အခါမျိုးမှာ အသုံးပြုလေ့ရှိပါတယ်။

int

– ကိန်းပြည့် (integer) ကို 32 bit နေရာယူပြီးမှတ်ပါတယ်။
– -2147483648 ကနေ 2147483647 အထိမှတ်နိုင်ပါတယ်။
– integer value ကိုသိမ်းတဲ့နေရာမှာအသုံးအများဆုံးဖြစ်ပါတယ်။

long

– ကိန်းပြည့် (integer) ကို 64 bit နေရာယူပြီးမှတ်ပါတယ်။
– -9223372036854775808.(-2^63) ကနေ 9223372036854775807 (2^63 -1) အထိမှတ်နိုင်ပါတယ်။
– integer နဲ့သိမ်းလို့မဆံ့လောက်တဲ့အခါမျိုးမှာ သုံးပါတယ်။

float

– ဒဿမကိန်းတွေ မှတ်တဲ့နေရာမှာ 32 bit နဲ့ အသုံးပြုပါတယ်။
– ငွေကြေးလိုမျိုး တိတိကျကျမှတ်ရတဲ့နေရာမျိုးမှာ မသုံးသင့်ပါ။

double

– ဒဿမကိန်းတွေ မှတ်တဲ့နေရာမှာ 64 bit နဲ့အသုံးပြုပါတယ်။
– ငွေကြေးလိုမျိုး တိတိကျကျမှတ်ရတဲ့နေရာမျိုးမှာ မသုံးသင့်ပါ။

boolean

– true, false value နှစ်မျိုးသာရှိပြီး 1 bit နေရာယူပါတယ်။
– true/false ဆုံးဖြတ်ဖို့အတွက်သာသုံးပါတယ်။

char

– စာလုံးတစ်လုံး (character) မှတ်တဲ့နေရာမှာသုံးပါတယ်။
– 16bit Unicode character တစ်လုံးမှတ်နိုင်ပါတယ်။ (မြန်မာစာလဲ မှတ်နိုင်ပါတယ်)။
– char value ကို single quote ကြားထဲမှာရေးရပါတယ်။
– ဥပမာ ‘a’

အပေါ်က Data Type တွေအားလုံးကတော့ Primitive Data Type တွေပါ။ ဒါကြောင့် Java ကို OOP မစစ်ဘူးလို့ပြောနိုင်ပါတယ်။ ဆက်ကြည့်ရအောင်

String

– စာကြောင်းတွေကို သိမ်းတဲ့အခါမှာသုံးပါတယ်။
– double quote ထဲမှာ ရေးရပါတယ်။
– ဥပမာ “Hello World!”

အပေါ်က Data Type တွေထဲမှာ ကိန်းဂဏန်းတွေအတွက် ကိန်းပြည့်ဆို byte, short, int, long ဒဿမဆို float, double အစရှိသဖြင့်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အကုန်လုံးကို သိယုံသာသိထားရင်လုံလောက်ပါတယ်။ ကိန်းပြည့်အတွက်ဆို int အသုံးများပြီး ဒဿမအတွက်ဆို double ကိုသုံးပါမယ်။

tutorial package မှာ right click > New > Class လို့ခေါ်ပြီး Tutorial2 လို့နာမည်ပေးလိုက်ပါ။ အောက်ကအတိုင်းရေးပြီး Run ကြည့်ပါ

package tutorial;

public class Tutorial2 {

    public static void main(String[] args) {

        byte b = 2;
        short sh = 5;
        int i = 4;
        long l = 100;
        float f = 4.5f;
        double d = 3.8;
        boolean bool = true;
        char c = 'm';
        String st = "Myat Min Soe";

        System.out.println("b = " + b);
        System.out.println("sh = " + sh);
        System.out.println("i = " + i);
        System.out.println("l = " + l);
        System.out.println("st = " + st);
        System.out.println("f = " + f);
        System.out.println("d = " + d);
        System.out.println("bool = " + bool);
        System.out.println("c = " + c);
    }
}

main method ထဲကိုကြည့်ရအောင် byte ဆိုတာက data type ပါ သူ့နောက်က b က variable name ပါ။ = 2 ဆိုတာကတော့ byte data type ဖြစ်တဲ့ variable b ထဲကို 2 ဆိုတဲ့ တန်ဖိုး(value) ထည့်လိုက်တာဖြစ်ပါတယ်။
အောက်မှာလဲတူတူပါပဲ။ ဒါပေမဲ့ char c နဲ့ String st အတွက် value တွေမှာ သက်ဆိုင်ရာ single quote, double quote တွေထည့်ပေးရပါတယ်။ အောက်မှာတော့ System.out.println နဲ့ တန်ဖိုးတွေကို ပြန်ထုတ်ပြထားတာပါ။

Exercise:

variable ကို name လို့နာမည်ပေးပြီး String Data Type သုံးကာ ကိုယ့်နာမည်ကို ထည့်ပါ။ ပြီးသွားရင် System.out.print() ထဲမှာ variable ကို output ထုတ်ကြည့်ပါ။

**variable name ပေးတဲ့အခါ ဂဏန်းနဲ့ စလို့မရပါဘူး၊ space မပါရပါဘူး၊ static variable မဟုတ်ရင် စာလုံးအသေးနဲ့ စရပါမယ်။ static variable အကြောင်းကိုတော့ နောက်ပိုင်းသင်ခန်းစာတွေမှာ ပါဝင်မှာဖြစ်ပါတယ်**

Comment

  1. Thank တင်ပေးလို့ကျေးဇူးပါ ဆက်ပြီလည်းတင်ပေးပါခင်ဗျ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>