Java Programming 2: Hello World!

person Myat Min Soefolder_openJava Programmingaccess_time June 6, 2016

Hello World!

Program တစ်ခုစရေးကြည့်ရအောင်။ ပထမဆုံး IntelliJ ကိုဖွင့်ပါ။
– Create New Project ကိုရွေးပါ။
j2_01
– ဘယ်ဘက်အပေါ်ဆုံးက Java ကိုရွေးပြီး Next ကိုနှိပ်ပါ။
j2_02
– Project Name ကို Java Tutorials လို့ပေးပါ။ Project Location ကို ကိုယ်ကြိုက်တဲ့နေရာမှာ Folder တစ်ခုဆောက်ပြီး ရွေးပေးလိုက်ပါ။
j2_03
– ဆောက်ပြီးပြီဆိုရင် ဘယ်ဘက်ဘေးက Project ဆိုတာကို နှိပ်ပါ ကိုယ့် Project နဲ့သက်ဆိုင်တဲ့ Folder တွေပေါ်လာပါလိမ့်မယ်။
j2_04
-src ကို select မှတ်ပြီး right click > new > Package ကိုရွေးပေးပါ။ Package Name မှာ tutorial လို့ပေးလိုက်ပါ။
j2_05
-ဘယ်ဘက်ဘေးက Project ကနေဆောက်လိုက်တဲ့ tutorial package ပေါ်မှာ right click > new > Class ကိုရွေးပေးပါ။ Class ကိုနာမည်ရပါတော့မယ် နာမည်ပေးတဲ့ အခါ Class ရဲ့နာမည်ကို အကြီးနဲ့စရပါမယ်။ space မပါရပါဘူး။ ဂဏန်းပါလို့ရပေမဲ့ ဂဏန်းနဲ့ စလို့မရပါဘူး။ ဒါကြောင့် Tutorial1 လို့ပေးလိုက်ပါ။
j2_06w
– Project Explorer ကနေ Class ကိုဖွင့်လိုက်ရင်အလယ်က Text Editor မှာ ပွင့်လာပါလိမ့်မယ်။ အောက်ကအတိုင်းရေးလိုက်ပါ။

package tutorial;

public class Tutorial1 {

    public static void main(String[] args) {

        System.out.print("Hello World!");
    }
}

အပေါ်ဆုံးက package ကိုကြေငြာတာပါ ကိုယ့် Project ဘယ် package ထဲရှိလဲဆိုတာ ကြေငြာပေးရပါတယ်။ ဒုတိယကတော့ Tutorial1 ဆိုတဲ့ class ကိုကြေငြာတာပါ {} ကြားထဲမှာ public static void main… ဆိုတာရှိပါတယ်။ ဒါကတော့ main method ပါ java program တွေကို run ရင် main method ကစတင်အလုပ်လုပ်ပါတယ်။ String[] args ကတော့ ခဏမေ့ထားလိုက်ပါ။ လောလောဆယ် main method ကြားထဲက နှစ်ကြောင်းကိုကြည့်ရအောင်

System.out.print(“Hello World!”); ဆိုတာ တစ်ကြောင်းပါ။ System.out.println ဆိုကတော့ Console ပေါ်ကို စာရိုက်ထုတ်တာပဲဖြစ်ပါတယ်။ ရိုက်ထုတ်တဲ့စာ Hello World! နေရာမှာ ကြိုက်တဲ့စာပြောင်းပြီး ရိုက်ထုတ်ကြည့်ပါ။ “” ကတော့ Hello World! ဆိုတာ String ဖြစ်တယ်လို့ java ကိုသိအောင်ပြောပြတာပါ။ “” နောက်ဆုံး ; ကတော့ ကုဒ်လိုင်းတစ်ကြောင်း ပြီးသွားရင် ထည့်ပေးရပါတယ်။ semi colon ကို java မှာ ကုဒ်တစ်ကြောင်းပြီးတိုင်းထည့်ပေးရပါတယ်။ ကဲ ဒီ Program ကိုစပြီး Run ကြည့်ရအောင်။ Text Editor ရဲ့ကြိုက်တဲ့နေရာပေါ်မှာ right click > Run ‘Tutorial1.main()’ ကို နှိပ်လိုက်ပါ

j2_07

အောက်က console မှာ “Hello World!” ဆိုတာပေါ်လာပါလိမ့်မယ်။

j2_08

နောက်တစ်ခါ “Hello World” မှာ “” တွေကိုဖြတ်ပြီး Run ကြည့်ပါ အောက်မှာ မှားနေကြောင်းပေါ်လာပါလိမ့်မယ်။ Hello World! နေရာမှာ ကိုယ်ကြိုက်တဲ့ စာတန်း ဖြစ်ဖြစ်ကိုယ့်နာမည်ဖြစ်ဖြစ် ပြောင်းထုတ်ကြည့်ပါ။ ဒါဆို ပထမဆုံး output ထွက်လာပါပြီ။
System.out.print(“Hello World!”); ဆိုတာရဲ့အောက်မှာနောက်တစ်ကြောင်း

System.out.print(“I am ” + Myat Min Soe”); ဆိုပြီးထုတ်ကြည့်ပါ။ အပြည့်အဆုံးကတော့ အောက်ပါအတိုင်းပါ။

package tutorial;

public class Tutorial1 {

    public static void main(String[] args) {

        System.out.print("Hello World!");
        System.out.print("My name is " + "Myat Min Soe");
    }
}

Run ကြည့်ပါ။ ဒုတိယတစ်ကြောင်းမှာ + ကတော့ “My name is ” ဆိုတဲ့ စာကြောင်းနဲ့ “Myat Min Soe” ဆိုတဲ့ စာကြောင်းကို ပေါင်းပေးတာပဲဖြစ်ပါတယ်။ is နောက်မှာ space ပါဝင်တဲ့အတွက် ထွက်လာတဲ့အခါ “My name is Myat Min Soe” ဆိုပြီးထွက်လာတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ Hello World! နဲ့ My name… နဲ့ ကပ်နေပါတယ်။ ဒါကြောင့် အောက်ကအတိုင်းပြင်ပြီး run ကြည့်ပါ။
package tutorial;

public class Tutorial1 {

    public static void main(String[] args) {

        System.out.println("Hello World!");
        System.out.println("My name is " + "Myat Min Soe");
    }
}

println ဆိုတာကတော့ Print Line ရဲ့အတိုကောက်ပဲဖြစ်ပါတယ်။ ဘာဖြစ်သွားလဲဆိုတာကိုတော့ console မှာထွက်လာတဲ့ output ကိုကြည့်ရင်ရှင်းသွားမယ်ထင်ပါတယ်။

Comment

  1. JDK နဲ့ Intellij ကို installed လုပ်​ပြီးရင်
    Intellij ကို အရင်​ဖွင့်​ ပြီးရင်​ အဲဒီ့ထဲမှာ JDK ​တောင်းတဲ့​ Set up ​နေရာမှာ ကိုယ့်​ JDk file ကို ထည့်​​ပေးလိုက်​ရင်​ အဆင်​​ပြေပြီဗျ 🙂

    ကျွန်​​တော်​ တိုင်​ပတ်​တဲ့​နေရာက​တော့
    Text editor ​ပေါ်မှာ right click ပြီးရင်​ >
    Run ‘Tutorial1.main()’ ဆိုတာကို ရှာမ​တွေ့တာပဲဗျ .. အဲ့ဒါက​တော့ text editor ​ပေါ်က ကိုလုပ်​​နေတဲ့ Tutorial1 ဆိုတာကို select မလုပ်​မိ​လို့ဗျ 🙂

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>