Java Programming 1: Introduction

person Myat Min Soefolder_openJava Programmingaccess_time June 6, 2016

Java Programming Introduction

Java ဆိုတာဘာလဲ

Java ဆိုတာ Sun Microsystem ကနေထုတ်လုပ်ခဲ့တဲ့ High Level Programming Language တစ်ခုပါ။ 2010 မှာတော့ Oracle က Java ကိုဝယ်ယူလိုက်ပြီဖြစ်ပါတယ်။ Java ရဲ့အားသားချက်တွေကတော့

Platform Independent – Java ကို Java Virtual Machine (JVM) run နိုင်တဲ့ Operating System တိုင်းမှာ Run လို့ရပါတယ်။ (Windows, Mac OS X and Unix)

Object Oriented Language – Primitive Data Type တွေပါဝင်တာကလွဲလို့ ကျန်တာအကုန် Object တွေပဲဖြစ်ပါတယ်။

Interpreted and compiled language – Java Source Code တွေကို အရင်ဆုံး byte code အဖြစ် ပြောင်း ပါတယ်။ byte code ကို သက်ဆိုင်ရာ Operating System ရဲ့ Native Code အဖြစ် JVM က interpret လုပ်ပါတယ်။

Automatic Memory Management – Java မှာမလိုအပ်တဲ့ Object တွေကို Garbage Collector လို့ခေါ်တဲ့ စနစ်ကနေ အလိုအလျှောက် ဖျက်ပစ်ပါတယ်။

Java Development လုပ်ဖို့ဘာတွေလိုမလဲ

JDK (Java Development Kit)

မရှိမဖြစ်လိုအပ်ပါတယ်။ JDK ကို http://www.oracle.com/technetwork/java/javase/downloads/index.html မှာ ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။ Java 8(ခေါ်) 1.8 ကနောက်ဆုံး version ပါ။ အခုသင်ခန်းစာတွေမှာတော့ Java 7 (1.7) ကိုအသုံးပြုမှာဖြစ်ပါတယ်။

IDE (Integrated Development Kit)

Integrated Development Kit ဆိုတာကတော့ သက်ဆိုင်ရာ Development အတွက် tool တွေစုပေးထားတာမျိုးပါ။ Notepad နဲ့ရေးပြီး command ကနေ တစ်ဆင့်ခြင်း compile လုပ်ပြီး run လို့ရပါတယ်။ ဒါပေမဲ့ IDE ထဲမှာ Text Editor တွေ Project Explorer တွေ Console တွေ အကုန်ပါပြီးသားဖြစ်တာကြောင့် Notepad, Cmd, Explorer(Finder) အစရှိတာတွေ တစ်ခုခြင်း လိုက်ဖွင့်စရာမလိုတော့ပါဘူး။ Java အတွက် IntelliJ, Eclipse, NetBean အစရှိတာတွေကိုသုံးနိုင်ပါတယ်။ Android Development ဖက်ကိုသွားမှာဖြစ်တဲ့အတွက် ဒီသင်ခန်းစာတွေမှာ IntelliJ ကိုသုံးသွားမှာဖြစ်ပါတယ်။

IntelliJ ကို https://www.jetbrains.com/idea/ မှာ download ဆွဲနိုင်ပါတယ်။ Android Development လုပ်ရာမှာအသုံးပြုတဲ့ Android Studio ဟာ IntelliJ ကို အခြေခံထားတာပဲဖြစ်ပါတယ်။

JDK နဲ့ IDE ကို သွင်းပြီးသွားရင်ဆိုရင်တော့ နောက်သင်ခန်းစာကို ဆက်လို့ရပါပြီ

Comments

  1. JDK 7 ကို ဒေါင်းလို့ မရပဲ Error ဖြစ်နေတဲ့ ညီအစ်ကိုများ
    VPN for PC ဆိုတဲ့ ကောင်ကို ဒေါင်းပြီး install ရင် JDK ကို ဒေါင်းလို့အဆင်ပြေသွားလိမ့်မယ်ဗျ ။

  2. မြန်မာ့သွေး

    ဘာ font နဲ့ရေးထားတာလဲ မသိဘူး၊ဖတ်လို့မရဘူးဖြစ်နေတယ် ခဗျား

    1. Unicode နဲ့​ရေးထားတာထင်​တယ်​ဗျ
      MM Font converter software ​လေးသုံးပြီး
      ဖတ်​ရင်​ ok မယ်​ထင်​ပါတယ်

  3. ဖုန်းက Myanmar 3 change လို့ရလို့ ​တော်​​သေးတယ်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>