Android Development 1: Introduction

person Myat Min Soefolder_openAndroid Developmentaccess_time May 21, 2016

Android ဆိုတာဘာလဲ
Android ဆိုတာကတော့ Google ကထုတ်ထားတဲ့ Operating System တစ်ခုပဲဖြစ်ပါတယ်။ Linux Kernel ကိုအခြေခံထုတ်လုပ်ထားပြီး ဖုန်းတွေ တက်ဘလက်တွေအတွက် ထုတ်ထားတာပါ။ အခုအချိန်မှာတော့ စမတ်နာရီတွေ ကားတွေမှာပါ Android စနစ်ကိုအသုံးပြုနေပြီဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ Android ကို Google ကဝယ်ယူခဲ့ပြီး ယခုအချိန်မှာတော့ လူသုံးအများဆုံး Mobile Operating System တစ်ခုဖြစ်နေပါပြီ။ ဒီဇယားကတော့ Android ရဲ့ version တွေဖြစ်ပြီး api level ကတော့ development လုပ်ရာမှာအသုံးပြုမဲ့ ကိန်းဂဏန်းတွေပဲဖြစ်ပါတယ်။

Platform Version API Level VERSION_CODE
Android 6.0 23 MARSHMALLOW
Android 5.1 22 LOLLIPOP_MR1
Android 5.0 21 LOLLIPOP
Android 4.4W 20 KITKAT_WATCH KitKat for Wearables Only
Android 4.4 19 KITKAT
Android 4.3 18 JELLY_BEAN_MR2
Android 4.2, 4.2.2 17 JELLY_BEAN_MR1
Android 4.1, 4.1.1 16 JELLY_BEAN
Android 4.0.3, 4.0.4 15 ICE_CREAM_SANDWICH_MR1
Android 4.0, 4.0.1, 4.0.2 14 ICE_CREAM_SANDWICH
Android 3.2 13 HONEYCOMB_MR2
Android 3.1.x 12 HONEYCOMB_MR1
Android 3.0.x 11 HONEYCOMB
Android 2.3.4

Android 2.3.3

10 GINGERBREAD_MR1
Android 2.3.2

Android 2.3.1

Android 2.3

9 GINGERBREAD
Android 2.2.x 8 FROYO
Android 2.1.x 7 ECLAIR_MR1
Android 2.0.1 6 ECLAIR_0_1
Android 2.0 5 ECLAIR
Android 1.6 4 DONUT
Android 1.5 3 CUPCAKE
Android 1.1 2 BASE_1_1
Android 1.0 1 BASE

Android Development လုပ်ရာမှာ API Level တွေကအရေးကြီးပါတယ်။ API Level မြင့်လေ သုံးလို့ရတဲ့ function တွေများလာလေဖြစ်ပြီး API Level နိမ့်လေ သုံးလို့ရတယ် Function တွေနည်းလေပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ Gingerbread ကိုသုံးတဲ့ user တွေရှိသေးတာကြောင့် ကိုယ့် App ကိုလူများများသုံးမယ်လို့ ရည်ရွယ်ထားရင် API Level အနိမ့်ကို support ပေးနိုင်ဖို့အရေးကြီးပါတယ်။
Android Development လုပ်ရင် Minimum SDK, Target SDK နဲ့ Compile SDK ဆိုပြီး API Level သုံးခုရွေးပေးရပါတယ်။ Minimum SDK ကတော့ ကိုယ့် App ကို ဘယ် version အနိမ့်ဆုံးမှာ run မလဲဆိုတာအတွက်ဖြစ်ပါတယ်။ Target SDK ကတော့ ဘယ် Version ကိုအဓိကထားမလဲဆိုတာ ရွေးရတာပဲဖြစ်ပါတယ်။ Complie SDK ကတော့ ဘယ် version နဲ့ ကိုယ့် code တွေကို apk compile လုပ် မလဲဆိုတာအတွက်ဖြစ်ပြီး target sdk နဲ့ compile sdk တူသင့်ပါတယ်။

Comment

  1. apk compile လုပ်တယ်ဆိုတာ ဘာကိုပြောချင်တာလဲရှင်းပြပေးပါလား။ code ရေးပြီးလို့ code ကို compile လုပ်တာကိုပြောတာလား။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>