အသက်ရှည်ရှည်သာနေရမယ်ဆိုရင်ဒေါ့ဖျင့်

အသက်ရှည်ရှည်နေရမယ်ဆိုတာ ဘယ်နနှစ်အထိလဲ။ လူတစ်ယောက်ပျမ်းမျှသက်တန်းကဘယ်လောက်လဲဆိုတာ ရှာကြည့်တယ်။ ကမ္ဘာမှာတော့ ပျမ်းမျှ ၇၀ ကျော်ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ၆၅ နှစ်ဝန်းကျင်ပဲ။ ကင်ဆာအဖြစ်များဆုံးနိုင်ငံတစ်ခုအတွက် ၆၅ နှစ်ဆိုတာ များတောင်များနေသေးတယ်။ အသက်ရှည်ရှည်ဆိုတာ programmatically ပြောမယ်ဆိုရင်တော့ > 65 ပေါ့။ ဒီတိုင်းသွားရင် ၆၅ နှစ်အထိနေရပါ့မလား စဉ်းစားမိတယ်။ အိပ်ချိန်မမှန်စားချိန်မမှန် ကွန်ပျူတာရှေ့အနေများနေတာ lifestyle မပြောင်းရင်တော့ ၆၅ အထိတောင်မခံလောက်ဘူး။ လူချစ်လူခင်ကလဲများတယ်ဆိုတော့ လူငယ်သဘာဝ ကြည့်မရလို့ဆိုပြီး လုပ်ကြံခံရနိုင်သေးတယ်။ ပတ်ဝန်းကျင်က အသက် ၆၀ ကျော် အဘိုးကြီးတွေကို ကြည့်ပြီး ငါသာလူတို့အရွယ်လောက်ရောက်ရင် ဘာဖြစ်နေမှာလဲတွေးမိတယ်။ စိတ်ကူးပေါက်လို့ မနက်စောစော လမ်းလျှောက်ဖြစ်ရင် လမ်းလျှောက်နေတဲ့ ကျန်းကျန်းမာမာ အဘိုးကြီးတွေ အုပ်လိုက်တွေ့တယ်။ ပျော်ပျော်ရွှင်ရွှင်ပဲ။ သူငယ်ချင်းတွေထင်ပါရဲ့ ဘယ်အရွယ်ထဲကပေါင်းလဲတော့မသိဘူး။ သူတို့ကိုကြည့်ပြီး ငါသာ […]

Dark Theme &Light Theme

Dark Theme နဲ့ Light Theme နဲ့ User ကိုရွေးချယ်ခွင့်ပေးသင့်လား။ တစ်မျိုးပဲရွေးသင့်လား။ Time based နဲ့ အရောင်ပြောင်းသင့်လား။ App တစ်ခုကိုစဉ်းစားရင် App ရဲ့ color တွေအပြင် theme ကိုပါထည့်စဉ်းစားရတဲ့ အချိန်ရောက်လာပါပြီ။ Android ဆို Appcompat မှာ Light နဲ့ Dark အပြင် အချိန်အလိုက်ပြောင်းလို့ရတဲ့ DayNight Theme ပါထည့်ပေးလာပါတယ်။ iOS ကတော့ Dark Theme နဲ့ပတ်သက်လို့ Official Support မပေးသေးပေမဲ့ Apple Watch App မှာ Dark Theme ကိုသုံးထားတာကိုတွေ့နိုင်ပါတယ်။ တစ်ခြား App တွေလဲ Dark Theme ကို […]

Buying Experiences

Buying Experiences အတွေ့အကြုံကိုဝယ်လို့ရပါတယ်။ တကယ်ဝယ်လို့ရတာပါ။ အတွေ့အကြုံကိုိ ကုန်ပစ္စည်းလို့သဘောထားကြည့်ပါ။ တစ်ခြားကုန်ပစ္စည်းတွေထက်ပိုကောင်းတာက အတွေ့အကြုံက တန်ဖိုးကျမသွားပါဘူး။ ဒါပေမဲ့ အတွေ့အကြုံကို ပိုက်ဆံတင်မဟုတ်ပဲ အချိန်ပါရင်းပြီး ဝယ်ရပါတယ်။ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီး အတွေ့အကြုံမရှိလို့ အလုပ်မရတဲ့သူတွေအများကြီးပါ။ အသက်ကြီးလာတာနဲ့အမျှ အလုပ်မရလို့ အတွေ့အကြုံမရှိ အတွေ့အကြုံမရှိလို့ အလုပ်မရဖြစ်ပြီး အချိန်တွေကုန်သွားတဲ့ဲ့သူတွေအများကြီးပါ။ ဒါက ငယ်တုန်း အတွေ့အကြုံမရှာထားတဲ့ ပြဿနာပါပဲ။ အတွေ့အကြုံကို ဝယ်တယ်ဆိုတာထက် အရံှုးခံပြီး အတွေ့အကြုံရှာတာများပါတယ်။ ဥပမာ Oracle ဟာအရင်က enterprise software တွေကို အရံှုးခံပြီး ရေးပါတယ်။ နောက်ပိုင်း Oracle ဟာ enterprise software တွေအတွက် reusable code တွေ management တွေအတွက် တော်တော်လေးကို အတွေ့အကြုံရပြီးသားဖြစ်သွားပါတယ်။ ဒါကြောင့် နောက်ပိုင်း […]

Java Programming 14: Java Exception

Program တွေမှာ error တွေတက်နိုင်ပါတယ်။ Error တွေကို အသက်သာဆုံး Handle လုပ်နိုင်ဖို့ လိုပါတယ်။ ဒါကြောင့် Java Exception ကိုအသုံးပြုပါတယ်။ Runtime Error တွေက ကိုယ်ရေးလိုက်တဲ့ Program ကြောင့်ဖြစ်နိုင်သလို User Input ကြောင့်လဲဖြစ်နိုင်ပါတယ်။ User Input ကြောင့်ဖြစ်နိုင်တယ်ဆိုရင် ကြိုတင်ကာထားရပါမယ်။ ကာလို့မရဘူး ဖြစ်ကိုဖြစ်နိုင်တယ်ဆိုရင်တော့ Exception ကိုအသုံးပြုရပါမယ်။ Class အသစ်ယူူပြီး Tutorial13 လို့နာမည်ပေးလိုက်ပါ အောက်ကအတိုင်းရေးလိုက်ပါ။ [java] package tutorial; import java.util.Scanner; public class Tutorial13 { public static void main(String[] args) { int a; int b; […]

Java Programming 13: Inheritance

Inheritance ကိုတိုက်ရိုက်ဘာသာပြန်လိုက်ရင်တော့ အမွေဆက်ခံခြင်းလို့ အဓိပ္ပာယ်ထွက်ပါလိမ့်မယ်။ တကယ်လဲ အမွေဆက်ခံတဲ့သဘောပါပဲ။ Inheritance ဟာ Object Oriented Programming ရဲ့အသက်ပဲဖြစ်ပါတယ်။ Inheritance ကြောင့် code ကို ကြိမ်ဖန်များစာပြန်ပြန်ရေးနေရာတာကို အကာအကွယ်ပေးပါတယ်။ Animal ဆိုတဲ့ Class အသစ်ယူပြီး အောက်ကအတိုင်းရေးလိုက်ပါ။ [java] package tutorial; public class Animal { public void speak() { System.out.println("Can’t Speak"); } } [/java] Animal ဆိုတဲ့ class ထဲမှာ speak ဆိုတဲ့ method တစ်ခုပါဝင်ပါတယ်။ speak ကိုခေါ်လိုက်ရင် “Can’t Speak” ဆိုပြီး Output ပြမှာဖြစ်ပါတယ်။ Tutorial12 […]

Java Programming 12: ArrayList

Array ကိုအသုံးပြုပုံသိပြီးရင် ArrayList ကိုဆက်ကြည့်ရအောင်။ Array ကိုအသုံးပြုရမလွယ်တဲ့အခါမှာ ArrayList ကိုအသုံးပြုပါတယ်။ Array ရဲ့အားနည်းချက်တွေကို ArrayList က ဖြည့်ဆည်းပေးပါတယ်။ Array ရဲ့အားနည်းချက်များ Array ဟာ fixed length ဖြစ်ပါတယ်။ Array ကိုကြေငြာလိုက်တာနဲ့ သူ့ရဲ့ length ကိုတစ်ခါတည်းသတ်မှတ်ပြီးသားဖြစ်ပါတယ်။ length ကိုတိုးလို့လျှော့လို့မရပါဘူး။ ဒါဟာ ခန့်မှန်းလို့မရတဲ့ data တွေနဲ့ အလုပ်လုပ်ရတဲ့အခါ အခက်အခဲဖြစ်စေပါတယ်။ ဥပမာ int size; ဆိုတဲ့ variable တစ်ခုရှိတယ်ဆိုပါစို့ size က internet ကနေယူမဲ့ data ပါ။ ဘယ်လောက်ရှိမလဲမသိပါဘူး။ တစ်ကြိမ်နဲ့တစ်ကြိမ်လဲမတူနိုင်ပါဘူး။ ဒါကြောင့် array နဲ့အသုံးပြုမယ်ဆိုရ်င looping ၂ ခါပတ်ပြီး ပထမတစ်ခါ size […]

Java Programming 11: Array

Array ဆိုတာကတော့ type တူတဲ့ element တွေကို စုပြီး အစဉ်လိုက်သိမ်းထားတဲ့ data structure တစ်ခုပဲဖြစ်ပါတယ်။ Array ကို Java ရဲ့ Primitive Data Type တွေအပြင် Object တွေမှာပါသုံးလို့ရပါတယ်။ Class အသစ်တစ်ခုယူပြီး Tutorial 10 လို့နာမည်ပေးလိုက်ပါ။ အောက်ကအတိုင်းရေးလိုက်ပါ။ [java] package tutorial; public class Tutorial10 { public static void main(String[] args) { String[] names = {"Maung Maung", "Aung Aung", "Kyaw Kyaw"}; for(int i = 0; i < […]

Java Programming 10: Constructor

Java class တိုင်းမှာ Constructor ရှိပါတယ်။ Constructor က Class ကို Object ဆောက်လိုက်တာနဲ့ အလုပ်စလုပ်ပါတယ်။ အရင်သင်ခန်းစာမှာ Student class မှာ constructor မပါဝင်ပါဘူး။ Constructor ကိုထည့်မဆောက်ခဲ့ရင်တောင် သူ့ဟာသူ default constructor ကိုထည့်ပေးပါတယ်။ Student Class မှာ default constructor ထည့်မယ်ဆိုရင် ဒီအတိုင်းမြင်ရမှာဖြစ်ပါတယ်။ [java] package tutorial; public class Student { private String name; private int mark1; private int mark2; private int mark3; public Student() { } public […]

Java Programming 9: Classes and Object

Class ဆိုတာကတော့ အားလုံးရှေ့မှာဆောက်ခဲ့တဲ့ Tutorial1, Tutorial2, …. အစရှိတာတွေပါ။ တကယ့် Program တစ်ခုမှာ Class တစ်ခုထဲကနေ အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Code တွေရုပ်ယှက်ခပ်ပြီးနေပါလိမ့်မယ်။ ဒါကြောင့် Class တွေခွဲဆောက်ရပါတယ်။ Class အသစ် ၂ ခုယူလိုက်ပါ။ Tutorial8 နဲ့ Student ဆိုပြီး နာမည်ပေးလိုက်ပါ။ Student file ကိုဖွင့်ပြီးအောက်ပါအတိုင်းရေးလိုက်ပါ။ [java] package tutorial; public class Student { private String name; private int mark1; private int mark2; private int mark3; public String getName() { return […]

Java Programming 8: Methods

Methods Method ဆိုတာကတော့ code တွေကို စုပေးထားတာဖြစ်ပြီး ပုံစံတူ Code ကိုခဏခဏပြန်မရေးရအောင်လုပ်ဆောင်ပေးပါတယ်။ အရင်သင်ခန်းစာတွေမှာသုံးခဲ့တဲ့ System.out.print() မှာ print က method ပါ။ public static void main() မှာလဲ main က method ပါ။ method တွေကိုအောက်ပါအတိုင်းကြေငြာနိုင်ပါတယ်။ [java] public static int add (int a, int b) { //Codes here return 1; } [/java] အပေါ်က method မှာ public static ကို access modifier လို့ခေါ်ပါတယ်။ int ကတော့ return […]